The Bible Software
နာဟုံအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

နာဟုံအနာဂတ္တိကျမ်း 3

1လူအသက်ကိုသတ် တတ်သော မြို့ ၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စား ခြင်း၊ အနိုင် အထက်ပြုခြင်းနှင့် ပြည့်ဝ ၏။ ဘမ်းမိ သောအရာကို မ လွှတ် တတ်။

2နှင်တံ နှင့်ရိုက်သံ ၊ လှည်းဘီး လိမ့် သံ ၊ မြင်း ခုန် သံ၊ ရထား ပြေး သံကို ကြားရ၏။

3မြင်းစီးသူရဲ သည် မီး တောက်သော ထား ၊ လျှပ်စစ် ပြက်သော လှံ ကိုချီ လျက် ၊ တိုက်သောသူရဲအများ နှင့် သေ သောသူအပုံ ပုံရှိကြ၏။ အသေ ကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူ သေကောင်များကို ထိမိ၍ လဲ တတ်ကြ ၏။

4အဆင်း လှ ၍ ပြုစား တတ်လျက်၊ မတရား သောမေထုန် အမှုနှင့် စုန်းမ အတတ်အားဖြင့် ၊ လူ အမျိုးမျိုးအနွှယ်နွှယ်တို့ကို ကုန်သွယ် လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရား သောမေထုန် ကို ပြုဖန်များပြား သောကြောင့် ၊

5ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အဝတ် ကို သင် ၏မျက်နှာ ပေါ် မှာ လှန် ၍ အတိုင်းတိုင်းအပြည် ပြည် ရှေ့မှာ သင် ၌ အချည်းစည်း ရှိခြင်း၊ အရှက် ကွဲခြင်းကို ငါပြ မည်။

6သင် ၌ မစင် ကိုပစ် ၍ ညစ်ညူး စေပြီးမှ ၊ သူတပါး တို့ကြည့် စရာထား မည်။

7သင့် ကို မြင် သမျှ သောသူတို့ က၊ နိနေဝေ မြို့ ပျက်စီး ပြီ။ အဘယ်သူ မြည်တမ်း မည်နည်းဟုဆို လျက် ၊ သင့် ထံမှ ပြေး ကြလိမ့်မည်။ နှစ်သိမ့် စေသောသူတို့ ကို သင့် အဘို့ အဘယ်မှာ ငါရှာ ၍ ရနိုင်သနည်း။

8သင်သည် မြစ် ကြားမှာ တည် သော နောမုန် မြို့ ထက် ကြီးမြတ် သလော။ ထိုမြို့ ကို ရေ ဝိုင်း လျက်၊ ပင်လယ် သည် မြို့ကျုံး ဖြစ်၏။ မြို့ရိုး လည်း ပင်လယ် နှင့် စပ် သတည်း။

9အဲသယောပိ ပြည်နှင့် အဲဂုတ္တု ပြည်သည် သူ ၏ လက်နက် ဖြစ်၏။ ရေတွက် ၍ မကုန်နိုင်။ ဖုတ ပြည်နှင့် လိဗု ပြည်လည်း သူ ၏လက်နက် အဝင် ဖြစ် ၏။

10သို့သော်လည်း ၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်း သွားကြပြီ။ မြို့သားငယ် တို့ကို လမ်း ဦး ရှိသမျှ တို့၌ ချိုးဖဲ့ လျက် ၊ ဂုဏ် အသရေရှိသော မြို့သားတို့ကို စာရေးတံ ချ လျက် ၊ အားကြီး သော မြို့သားအပေါင်း တို့ကို သံကြိုး ဖြင့် ချည်နှောင် လျက် ပြုကြပြီ။

11သင် သည်လည်း မိန်းမော တွေဝေလျက် ပုန်းရှောင် ၍ နေရလိမ့်မည်။ ရန်သူ ၏လက်နှင့် လွတ်အောင် ခိုင်ခံ့ သောအရပ်ကို ရှာ ရလိမ့်မည်။

12သင် ၏ရဲတိုက် ရှိသမျှ တို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်း ပင်နှင့် တူကြ လိမ့်မည်။ လှုပ် လျှင် စား ချင်သောသူ၏ ပါးစပ် ထဲ သို့ ကျ လိမ့်မည်။

13သင် ၏လူ တို့သည် သင့် အလယ် ၌ မိန်းမ ကဲ့သို့ဖြစ်၍၊ ပြည် တံခါး တို့သည် ရန်သူ တို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင် တို့သည် မီး လောင် လိမ့်မည်။

14ရန်သူဝိုင်း ထားသော ကာလဘို့ ရေ ကို ခပ် ထား လော့။ ရဲတိုက် တို့ကို ခိုင်ခံ့ စေလော့။ ရွံ့ ထဲ သို့ ဝင် ၍ အုတ် မြေကို နင်း နယ်လော့။ အုတ်ဖို ကို ပြင်ဆင် လော့။

15ထိုအရပ်၌ပင် သင့် ကို မီး လောင် လိမ့်မည်။ ထား နှင့်ခုတ် ဖြတ်လိမ့်မည်။ ယာလက်ကျိုင်း ကိုက်စားသကဲ့သို့ ကိုက်စား လိမ့်မည်။ ယာလက်ကျိုင်း နှင့် အရာဘကျိုင်း ကောင်တို့သည် များ သကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှါကြိုးစားလော့။

16မိုဃ်းကောင်းကင် ကြယ် များသည်ထက် ၊ သင် ၏ ကုန်သည် တို့ကို များပြား စေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား ၍ ပျံ သွားတတ်ကြ၏။

17သင် ၏မင်းသား တို့သည် အရာဘကျိုင်း ကဲ့သို့ ၎င်း ၊ ဗိုလ် တို့သည် ဂေါဘကျိုင်း ကဲ့သို့ ၎င်း ဖြစ်၍၊ ချမ်း သောအခါ စောင်ရန်း နား မှာ ဝပ် တတ်ကြ၏။ နေ ထွက် သောအခါ ပျံ သွား၍ အဘယ် အရပ် သို့ ရောက်သည်ကို မ သိ ရ။

18အိုအာရှုရိ ရှင်ဘုရင် ၊ သင် ၏သိုးထိန်း တို့သည် အိပ်ပျော် လျက်၊ သင် ၏မှူးမတ် တို့သည် ကျိန်းဝပ် လျက်၊ သင် ၏လူ အပေါင်းတို့သည် တောင်ရိုး ပေါ် မှာ အရပ်ရပ်သို့ ကွဲပြား လျက်ရှိ၍၊ အဘယ်သူ မျှမစုဝေး စေ။ သင် ၏ အနာ မ ပျောက် နိုင်။ ပြင်းစွာခံရ ၏။

19သင် ၏သိတင်း ကို ကြား သမျှ သောသူတို့ သည် သင့် အပေါ် မှာ လက် ခုပ်တီး ကြလိမ့်မည်။ အကြောင်း မူကား၊ သင် ပြုသောအဓမ္မ အမှု ကို မ ခံ ဘဲလွတ်သော သူကား အဘယ်သူ နည်း။

← နာဟုံအနာဂတ္တိကျမ်း 2Read In The App, Free →Habakkuk 1 →

Study နာဟုံအနာဂတ္တိကျမ်း 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123