Nehemiah 13:18
ဘိုးဘေး တို့သည် ထိုသို့ ပြု သောကြောင့် ၊ ဤ မျှလောက် ကြီးစွာသော ဆင်းရဲ ခြင်းကို ငါ တို့၌ ၎င်း၊ ဤ မြို့ ၌ ၎င်း ဘုရား သခင်ရောက် စေတော်မူသည်မ ဟုတ်လော။ သင် တို့သည် ဥပုသ် နေ့ကို ဖျက် သောအားဖြင့် သာ၍ ပြင်းစွာသော အမျက် တော်ကို ဣသရေလ အမျိုး၌ ရောက်စေဦးမည်လောဟု ယုဒ မှူးမတ် တို့ကို အပြစ် တင် လျက်၊
မြန်မာကျမ်းစာ
In The King James Version
In Context
17ထိုအခါ ငါက၊ သင် တို့သည် ဥပုသ် နေ့ ကို ဖျက် ၍ ပြု သော ဒုစရိုက် ကား အဘယ် သို့နည်း။
Cross References
Exodus 31:12တဖန် ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
Leviticus 26:28ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။
Joshua 22:17သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
Ezra 9:14အကျွန်ုပ်တို့သည် ပညတ် တရားတော်တို့ကို တဖန် လွန်ကျူး ၍ ၊ ဤ ရွံရှာ ဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုး နှင့် ပေါင်းဘော် လျှင် တယောက်မျှမလွတ်၊ မ ကျန် ကြွင်းစေခြင်းငှါ ၊ အမျက် တော်ထွက်၍ အကျွန်ုပ် တို့ကို ဖျက်ဆီး တော်မူမည်မဟုတ် လော။
Jeremiah 17:21ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ၌ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။
Jeremiah 44:9ယုဒ ပြည် ၌ ၎င်း ၊ ယေရုရှလင် လမ်း တို့၌ ၎င်း ၊ သင် တို့ဘိုးဘေး များ ပြုသောဒုစရိုက် ၊ ယုဒ ရှင် ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရား များပြုသောဒုစရိုက် ၊ သင် တို့ကိုယ်တိုင်ပြုသောဒုစရိုက် ၊ သင် တို့မယား များပြုသောဒုစရိုက် တို့ကို မေ့လျော့ ကြပြီလော။