Nehemiah 13:6
ထို ကာလပတ်လုံး ငါသည် ယေရုရှလင် မြို့၌ မ ရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံသုံး ဆယ်နှစ် နှစ် တွင် အထံတော်သို့ သွား ရ၏။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင် ထံတော်၌ အခွင့်ရ ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:1မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
Ezra 6:22ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။
Nehemiah 2:5ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။
Nehemiah 5:14ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင် ၊ တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား။