Nehemiah 2:5
ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
4-
Cross References
2 Samuel 14:22ယွာဘ သည်လည်း မြေ ပေါ် မှာ ဦးချ ပြပ်ဝပ် လျက် ၊ ကျွန်တော် သခင် အရှင်မင်းကြီး ၊ ကိုယ်တော် ကျွန် အသနား တော်ခံသည်အတိုင်း အရှင်မင်းကြီး ပြု တော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာရ ကြောင်း ကို ကျွန်တော်သိ ပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
Esther 1:19ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။
Esther 7:3မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
Proverbs 3:4ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။