Nehemiah 2:14
စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 18:17နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့်၊ သူတို့သည်ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ရပ်နေကြ၏။
2 Chronicles 32:30ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။
Nehemiah 3:16သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။