Nehemiah 2:8
ဥယျာဉ် တော်မှူးအာသပ် သည် ဗိမာန် တော် ရဲတိုက် တံခါး တိုင် နှင့် တံခါးထုပ်ဘို့ ၎င်း၊ မြို့ရိုး နှင့် ကျွန်တော်နေရာ အိမ် ဘို့ ၎င်း၊ သစ် ကိုပေး ရမည် အကြောင်း ၊ အမိန့်တော်စာ ကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ ၏ ဘုရား သခင့်တန်ခိုး ကျေးဇူး တော်ကြောင့် ရှင် ဘုရင်သည် ပေး သနားတော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 5:5ဒါရိ မင်း အမိန့် တော်မ ရောက်မှီအလုပ်အကိုင်မ ပြတ် စေခြင်းငှါ၊ ဘုရား သခင်သည် ယုဒ အမျိုးသားအသက် ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာ ကိုပေး လိုက်ကြ၏။
Ezra 6:22ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။
Ezra 7:9ပဌမ လ တရက် နေ့တွင် ၊ ဗာဗုလုန် မြို့မှ ထွက်၍၊ ပဉ္စမ လ တရက် နေ့တွင် ၊ မိမိ ဘုရား သခင်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။
Nehemiah 2:17နောက် တဖန်၊ ငါ တို့ခံရသော ဆင်းရဲ ခြင်း၊ ယေရုရှလင် မြို့ပျက်စီး ခြင်း၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ခြင်းကို သင် တို့သိမြင် ကြ၏။ လာ ကြ။ ကဲ့ရဲ့ ခြင်းနှင့် လွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့ရိုး ကို တည် ကြကုန် အံ့ဟု သူ တို့အား ဆို လျက်၊
Nehemiah 3:1ထိုအခါ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သည်၊ မိမိ ညီအစ်ကို ယဇ်ပုရောဟိတ် တို့နှင့်တကွထ၍၊ သိုး တံခါး ကို ပြင် လျက် တံခါး ခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ မေအာ ပြအိုး မှ ဟာနနေလ ပြအိုး တိုင်အောင် ပြင် ကြ၏။
Proverbs 21:1ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။