The Bible Software
Nehemiah · မြန်မာကျမ်းစာ

Nehemiah 2

1အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်၊ နိသန် လ တွင် ရှေ့ တော်၌ တင်သောစပျစ်ရည် ကို ငါကိုင် ၍ ဆက် လေ၏။

2အထက်ကတခါမျှရှေ့ တော်၌ ညှိုးငယ် သော မျက်နှာကို မ ပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင် က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်း။ ဝမ်းနည်း ဟန်ရှိပါသည်တကားဟု မိန့် တော်မူလျှင်၊

3ငါသည်အလွန် ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ် အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ သည် ပျက်စီး လျက် ၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော် သည် မျက်နှာ မ ညှိုးငယ် ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက် သော်၊

4-

5ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။

6ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင် နေစဉ်၊ ရှင်ဘုရင် က၊ သင် သွား လျှင် အဘယ် မျှ ကာလကြာလိမ့်မည် နည်း။ အဘယ် ကာလမှ ပြန် လာမည်နည်းဟုမေး တော်မူသော်၊ ကာလ အချိန်ကို ငါလျှောက် ထားပြီးမှ ၊ ရှင် ဘုရင်သည် အလို တော်ရှိ၍ ငါ့ ကို လွှတ် လိုက်တော်မူ၏။

7တဖန်တုံ၊ ရှင်ဘုရင် အလို တော်ရှိလျှင် ၊ မြစ် အနောက် ဘက်၌ရှိသောမြို့ဝန် တို့သည် ကျွန်တော် ကို မဆီး မတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။

8ဥယျာဉ် တော်မှူးအာသပ် သည် ဗိမာန် တော် ရဲတိုက် တံခါး တိုင် နှင့် တံခါးထုပ်ဘို့ ၎င်း၊ မြို့ရိုး နှင့် ကျွန်တော်နေရာ အိမ် ဘို့ ၎င်း၊ သစ် ကိုပေး ရမည် အကြောင်း ၊ အမိန့်တော်စာ ကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ ၏ ဘုရား သခင့်တန်ခိုး ကျေးဇူး တော်ကြောင့် ရှင် ဘုရင်သည် ပေး သနားတော်မူ ၏။

9ထိုအခါ မြစ် အနောက် ဘက်မြို့ဝန် တို့ထံ သို့ငါရောက် ၍ ရှင်ဘုရင် ၏ အမိန့်တော်စာ ကိုပြ ၏။ ရှင် ဘုရင်သည်လည်း တပ်မှူး နှင့် မြင်းစီး သူရဲတို့ကို ငါ နှင့်အတူ စေလွှတ် တော်မူသတည်း။

10ဣသရေလ အမျိုးသားတို့၏ အကျိုး ကို ပြုစု ခြင်းငှါ ၊ လူ တယောက်လာ ကြောင်းကို ၊ ဟောရနိ လူ သမ္ဘာလက် နှင့် ကျွန်ခံသူ အမ္မုန် အမျိုးသားတောဘိ တို့ သည် ကြား သော်၊ အလွန် နှလုံး မသာရှိကြ၏။

11ငါသည်လည်း ၊ ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ပြီးမှ၊

12ကိုယ် ၌ ပါသောသူ အချို့ တို့နှင့်တကွ၊ ညဉ့် အခါ ထ ၍ ယေရုရှလင် မြို့အဘို့ ပြု ခြင်းငှါ ၊ ငါ ၏ဘုရား သခင်သည် ငါ့ အား အဘယ်သို့သော အကြံ ပေး တော်မူသည်ကို၊ အခြား သော သူတယောက်အား မျှမ ပြော ၊ ကိုယ် စီး သော မြင်း မှတပါး အဘယ် အရာမျှမပါဘဲ၊

13ညဉ့် အခါ ချိုင့် တံခါး ဖြင့် ထွက် ၍ ၊ နဂါး ရေတွင်း တစ်ဘက်တချက် ၊ နောက်ချေး တံခါး တိုင်အောင် သွား သဖြင့်၊ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ မရှိသည်ကို ကြည့်ရှု ပြီးမှ၊

14စမ်း ရေတွင်းတံခါး နှင့် ရှင်ဘုရင် ရေကန် တိုင်အောင် လွန် ပြန်၍ ၊ မြင်း လမ်းမရှိ သောကြောင့်၊

15တဖန် ထိုညဉ့် ၌ ချောင်း နားတွင် ရှောက်သွား ၍၊ မြို့ရိုး ကို ကြည့်ရှု ပြီးမှ ၊ ချိုင့် တံခါး ဖြင့် လှည့် ၍ ဝင် ပြန် လေ၏။

16အဘယ် အရပ်သို့သွား သည်၊ အဘယ် သို့ပြု သည် ကို မင်း တို့သည် မ သိ ကြ။ ယုဒ လူ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်း အရာရှိ၊ လုပ်ဆောင် သော သူတစုံ တယောက်အား မျှငါသည် ကိုယ်အမှု ကိုမ ပြော သေး။

17နောက် တဖန်၊ ငါ တို့ခံရသော ဆင်းရဲ ခြင်း၊ ယေရုရှလင် မြို့ပျက်စီး ခြင်း၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ခြင်းကို သင် တို့သိမြင် ကြ၏။ လာ ကြ။ ကဲ့ရဲ့ ခြင်းနှင့် လွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့ရိုး ကို တည် ကြကုန် အံ့ဟု သူ တို့အား ဆို လျက်၊

18ငါ ၏ ဘုရား သခင်သည် ငါ့ အား ပြုတော်မူသောကျေးဇူး ကို၎င်း၊ ရှင်ဘုရင် မိန့် တော်မူသော စကား ကို၎င်း ကြားပြော လေသော်၊ သူတို့က၊ ငါတို့သည် ထ ၍ တည် ကြကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှု ကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော် ကြ၏။

19ထိုသိတင်းကို ဟောရနိ လူသမ္ဘာလတ် ၊ ကျွန် ခံသူ အမ္မုန် အမျိုးသားတောဘိ ၊ အာရပ် အမျိုးသားဂေရှင် တို့ သည် ကြား လျှင် ၊ ပြက်ယယ် ပြု၍ သင် တို့သည် အဘယ် သို့ပြု ကြမည်နည်း။ ရှင်ဘုရင် ကို ပုန်ကန် ကြမည်လောဟု ကဲ့ရဲ့ လျက်ဆို ကြ၏။

20ငါကလည်း၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင် သည် ငါ တို့ကို အခွင့်ပေး တော်မူမည်။ ထိုကြောင့် ဘုရား သခင်၏ ကျွန် ဖြစ်သော ငါ တို့သည် ထ ၍ တည် မည်။ သင် တို့မူကား ၊ ယေရုရှလင် မြို့တွင် ဘာမျှမဆိုင် မပိုင်၊ မှတ်စရာ သက်သေမ ရှိဟု ပြန်ပြော ၏။

← Nehemiah 1Read In The App, Free →Nehemiah 3 →

Study Nehemiah 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213