တောလည်ရာကျမ်း 11:25
ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ မောရှေ နှင့် နှုတ်ဆက် တော်မူ၏။ မောရှေ အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ ကို ယူ ၍ အသက်ကြီး သူ ခုနစ်ကျိပ် တို့အပေါ် မှာ တင် တော်မူသဖြင့် ၊ ထိုဝိညာဉ် သည် သူ တို့အပေါ် မှာ ကျိန်းဝပ် သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲ ဟောကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 34:5ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
Numbers 11:17ငါသည်လည်း ထို အရပ်သို့ ဆင်းသက် ၍ သင် နှင့် နှုတ်ဆက် မည်။ သင့် အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ ၍ သူ တို့အပေါ် မှာ တင် မည်။ ဤလူတို့ ကို သင် တယောက်တည်း သာ ဆောင်ရွက် ရမည် မ ဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
Numbers 16:25မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
1 Samuel 10:5ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။
1 Samuel 19:20ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။
Nehemiah 9:20သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။