တောလည်ရာကျမ်း 16:10
သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 3:6သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။
Numbers 18:7ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
Matthew 20:21ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။
Romans 12:10ညီအစ်ကို ချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့တစ်ယောက် ကိုတစ်ယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတစ်ပါး ကို ကိုယ်ထက်ချီးမြှောက် ကြလော့။
3 John 1:9အသင်းတော် ထံသို့မှာစာကိုငါရေး ၍ ပေးလိုက်လေပြီ။ သို့သော်လည်း ၊ အကဲအမှူး လုပ်ချင်သော ဒယောတရပ် သည် ငါ တို့အားအခွင့် မ ပေး။