တောလည်ရာကျမ်း 16:14
ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Exodus 22:5သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
Leviticus 20:24သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Numbers 20:5ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။
Judges 16:21ဖိလိတ္တိ လူတို့သည် ဘမ်းဆီး ၍ သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ထောင် အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။