တောလည်ရာကျမ်း 16:15
မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:4အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
Numbers 12:3မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
1 Samuel 12:3ဤအရပ်၌ ယခု ငါ ရှိ ၏။ အဘယ်သူ ၏ နွား ကို ငါယူ ဘူးပြီနည်း။ အဘယ်သူ ၏ မြည်း ကို ယူ ဘူးပြီနည်း။ အဘယ်သူ ကို လှည့်စား ဘူးပြီနည်း။ အဘယ်သူ ကို ညှဉ်းဆဲ ဘူးပြီနည်း။ ကိုယ် မျက်စိ ကိုကွယ် စေခြင်းငှါ အဘယ်သူ လက် မှ တံစိုး ကိုခံ ဘူးပြီနည်း။ ထာဝရဘုရား ရှေ့ ၊ ဘိသိက် တော်ကိုခံသောသူ ရှေ့ မှာ ငါ့ တဘက် ၌ သက်သေခံ ကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန် ပေးပါမည်ဟု ဣသရေလ လူအပေါင်း တို့အား ပြော ဆိုသော်၊
Proverbs 21:27မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
Matthew 5:22ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။
Acts 20:33သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။