The Bible Software
bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 18 › တောလည်ရာကျမ်း 18:8

တောလည်ရာကျမ်း 18:8

တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။

မြန်မာကျမ်းစာ

In The King James Version

And the LORD spake unto Aaron, Behold, I also have given thee the charge of mine heave offerings of all the hallowed things of the children of Israel; unto thee have I given them by reason of the anointing, and to thy sons, by an ordinance for ever.

In Context

7ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။

9မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။

Read all of တောလည်ရာကျမ်း 18

Cross References

Exodus 29:21ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။

Exodus 29:29အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊

Exodus 40:15အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊

Leviticus 6:18အာရုန် ၏ သား ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာကို ကိုင် သောသူအပေါင်း တို့သည် သန့်ရှင်း ရကြမည်ဟု သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။

Leviticus 6:26အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။

Leviticus 7:14ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တောလည်ရာကျမ်း 18:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တောလည်ရာကျမ်း 18:7တောလည်ရာကျမ်း 18တောလည်ရာကျမ်း 18:9 →