တောလည်ရာကျမ်း 20:1
သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊
Cross References
Genesis 14:7တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။
Exodus 2:7သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
Numbers 12:1မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊
Numbers 12:15မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။
Numbers 13:26မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။
Numbers 20:28မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။