The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 20

1သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။

2ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊

3ထာဝရဘုရား ရှေ့မှာ ငါ တို့အစ်ကို များသေ သောအခါ ၊ ငါတို့လည်း မသေ ပါလေ။

4ငါ တို့နှင့် ငါ တို့တိရစ္ဆာန် များကို သေ စေခြင်းငှါ ၊ ထာဝရဘုရား ၏ပရိသတ် ကို ဤ တော သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။

5ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။

6မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။

7ထာဝရဘုရား ကလည်း၊

8လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊

9မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော် ကို ထာဝရဘုရား ရှေ့ တော်က ယူ ၍၊

10အာရုန် ပါလျက်၊ ပရိသတ် တို့ကို ကျောက် ရှေ့မှာ စုဝေး စေပြီးလျှင် ၊ အချင်းသူပုန် တို့၊ နားထောင် ကြလော့။ ငါတို့သည် သင် တို့အဘို့ ဤ ကျောက် ထဲက ရေ ကို ထွက် စေ ရမည်လောဟု ဆို လျက်၊

11မိမိ လက် ကို ဆန့် ၍ ကျောက် ကို လှံတံ နှင့် နှစ် ကြိမ်ရိုက် သဖြင့် ၊ ရေ သည် များစွာ ထွက် ၍ ၊ လူ ပရိသတ် တို့နှင့် တိရစ္ဆာန် တို့သည် သောက် ရကြ၏။

12ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။

13ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက် ပြုသော်လည်း ၊ သူ တို့တွင် ရိုသေ လေးမြတ်ခြင်းကိုခံ တော်မူသောကြောင့်၊ ထို ရေသည် မေရိဘ ရေ ဖြစ်သတည်း။

14မောရှေ သည် ကာဒေရှ အရပ်မှ ဧဒုံ ရှင်ဘုရင် ထံသို့ သံတမန် တို့ကို စေလွှတ် ၍၊ ကိုယ်တော့် ညီ ဣသရေလ က၊ အကျွန်ုပ် တို့ တွေ့ ရသော အမှု အလုံးစုံ တည်းဟူသော၊

15အကျွန်ုပ် တို့ဘိုးဘေး သည် အဲဂုတ္တု ပြည်သို့ သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တု ပြည် မှာ ကာလ ကြာမြင့် စွာနေ သဖြင့် ၊ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေး များကို ညှဉ်းဆဲ ကြောင်း၊

16အကျွန်ုပ်တို့သည် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန် ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိ ပါ၏။ ယခု မှာ အကျွန်ုပ် တို့သည် ကိုယ်တော် ၏ နိုင်ငံ အစွန်အနား ၊ ကာဒေရှ အရပ်၌ ရှိကြပါ၏။

17ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။

18ဧဒုံ ကလည်း ၊ သင်သည် ငါ့ ပြည်အလယ် ၌ မ ရှောက် မသွားရ။ ရှောက်သွားလျှင်၊ ထား လက်နက်နှင့် ဆီးတား မည်ဟု ပြန်ပြော ၏။

19ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊

20ဧဒုံ က၊ သင်သည် ရှောက် ၍မ သွားရဟုဆို လျက် ၊ များစွာ သော ဗိုလ်ခြေ အလုံးအရင်း နှင့်တကွဆီးတား ခြင်းငှါ ထွက်လာ ၏။

21ထိုသို့ ဧဒုံ သည် သူ ၏ပြည် အလယ် ၌ရှောက်သွား သော အခွင့်ကို ဣသရေလ အား မ ပေး သောကြောင့် ၊ ဣသရေလ သည် လွှဲရှောင် လေ၏။

22ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ကာဒေရှ အရပ်မှ ပြောင်း ၍ ဟောရ တောင် သို့ ရောက် ကြ၏။

23ဧဒုံ ပြည် စွန် နား၊ ဟောရ တောင် ပေါ်မှာ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊

24သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။

25သို့ဖြစ်၍အာရုန် နှင့် သူ ၏သား ဧလာဇာ ကို ခေါ် ၍ ဟောရ တောင် ပေါ်သို့ဆောင် သွားပြီးလျှင် ၊

26အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊

27မိန့် တော်မူသည်အတိုင်း ၊ မောရှေ ပြု ၍ ၊ သူတို့ သည် ပရိသတ် အပေါင်း တို့ရှေ့မှာ ဟောရ တောင် ပေါ်သို့ တက် ကြ၏။

28မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။

29အာရုန် သည် အနိစ္စ ရောက်ကြောင်း ကို ပရိသတ် အပေါင်း တို့သည် သိမြင် သောအခါ ၊ ဣသရေလ အမျိုးသား ရှိသမျှ တို့သည်၊ အာရုန် အတွက် အရက် သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။

← တောလည်ရာကျမ်း 19Read In The App, Free →တောလည်ရာကျမ်း 21 →

Study တောလည်ရာကျမ်း 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536