တောလည်ရာကျမ်း 20:12
ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 11:15ထိုသို့ အကျွန်ုပ် ၌ ပြု တော်မူလျှင် ၎င်း၊ စိတ် တွေ့တော်မူလျှင် ၎င်း၊ အကျွန်ုပ် ကိုအလျင်အမြန်သေ စေတော်မူပါ။ ကိုယ် ဆင်းရဲ ကို ကိုယ်မ သိ မမြင်ပါစေနှင့်ဟု ဘုရား အား လျှောက်ဆို ၏။
Numbers 20:24သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
Deuteronomy 1:37သင် တို့အတွက် ထာဝရဘုရား သည် ငါ့ ကိုလည်း အမျက် တော်ထွက်၍ ၊ သင် သည် ထို ပြည်သို့ မ ဝင် စားရ။
Deuteronomy 32:49ဣသရေလ အမျိုးသား တို့အား ငါ အပိုင် ပေး သော ခါနာန် ပြည် ကို ကြည့်ရှု လော့။
Deuteronomy 34:4ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။
2 Chronicles 20:20နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။