တောလည်ရာကျမ်း 22:18
ဗာလမ် ကလည်း၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို လွန်ကျူး ၍ အမှုအကြီး အငယ် တစုံတခုကိုမျှ ငါမ ပြု နိုင်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 22:8ဗာလမ်က၊ ယနေ့ည မှာ ဤ အရပ်၌နေ ကြပါဦး။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ငါပြန် ပြောမည်ဟု ဆို လျှင် ၊ မောဘ အရာရှိ တို့သည် ဗာလမ် ထံမှာ နေ ကြ၏။
Numbers 23:26ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
Joshua 24:10ဗာလမ် ၏စကားကို ငါနား မ ထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။
1 Kings 22:14မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
Job 3:15မြို့ပျက် တို့ကို ပြင်ဆင် ပြုစုသော လောကီ ရှင်ဘုရင် ၊ မှူးမတ် တို့နှင့်၎င်း၊ ရွှေ ကိုရတတ်၍ ဘဏ္ဍာတိုက် ၌ ငွေ ကိုအပြည့် သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
Acts 8:20ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။