တောလည်ရာကျမ်း 22:23
ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကို မိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို မြည်း သည် မြင် လျှင် ၊ လမ်းလွှဲ ၍ လယ် သို့ ဝင် လေ၏။ ဗာလမ် လည်း မြည်း ကို လမ်း သို့ ပြန် စေခြင်းငှါ ရိုက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
24ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ စပျစ် ဥယျာဉ်စောင်ရန်း နှစ်ဘက်စပ်ကြား လမ်း ၌ တဖန် ရပ် နေ၏။
Cross References
Joshua 5:13ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊
1 Chronicles 21:16ဒါဝိဒ် သည် မျှော်ကြည့် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင် မြို့အပေါ် မှာထား ကို မိုး လျက်မိုဃ်း ကောင်းကင်နှင့် မြေကြီး ကြား မှာ ရပ်နေ သည် ကိုမြင် လျှင် ၊ ကိုယ်တိုင်မှစ၍ဣသရေလအမျိုးသားအသက်ကြီး သူတို့သည် လျှော်တေ အဝတ်ကို ဝတ် လျက် မြေပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။
Daniel 10:7ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။
1 Corinthians 1:27ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။
Jude 1:11သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကာဣန နောက် သို့လိုက်ကြ၏။ အခ ကိုရခြင်းငှာဗာလမ် မှားယွင်း သကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ ၏ငြင်းခုံ ခြင်းအပြစ်နှင့် ဖျက်ဆီး ခြင်းသို့ရောက် ကြ၏။