တောလည်ရာကျမ်း 22:34
ဗာလမ် ကလည်း ၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ ကိုယ်တော် သည် လမ်း ၌ ကန့်လန့် နေ တော်မူသည်ကို အကျွန်ုပ် မ သိ ပါ။ ယခု မှာ အလို တော်မရှိလျှင် အကျွန်ုပ်ပြန် သွားပါမည် ဟု ထာဝရဘုရား ၏ ကောင်းကင် တမန်အား ဆို လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 10:16ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
Numbers 14:40နံနက် စောစောထ ၍ တောင် ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ ငါတို့သည် ပြစ်မှား ပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိ ထားတော်မူသော ပြည် သို့ သွား ပါမည်ဟုဆို ကြသော်၊
1 Samuel 15:24ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
1 Samuel 24:17တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း ၊ သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။
2 Samuel 12:13ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
Job 34:31အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။