တောလည်ရာကျမ်း 22:6
သို့ဖြစ်၍ ၊ ကြွလာ ပါ။ ဤ လူမျိုး သည် ငါ့ ထက် အားကြီး သောကြောင့် သူတို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင် သူ တို့ကို ငါတိုက် ၍ ငါ့ပြည် မှ နှင်ထုတ် နိုင် ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီး ပေးသောသူ သည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း ၊ ကိုယ်တော်ကျိန်ဆဲ သောသူ သည် ကျိန်ဆဲ အပ်သောသူဖြစ်သည်ကို၎င်းငါသိ သည်ဟု မှာလိုက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 12:3သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Numbers 22:12ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
Numbers 23:7ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
Numbers 23:27တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
Deuteronomy 23:4အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
1 Samuel 17:43ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။