တောလည်ရာကျမ်း 24:7
ထိုအမျိုး ၏ ရေပုံး တို့မှ ရေ စီး လိမ့်မည်။ ရေ ပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ ၏ ရှင်ဘုရင် သည် အာဂတ် မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 15:32ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း ၊ အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။
1 Kings 4:21ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။
1 Chronicles 14:2ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။
Esther 3:1ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။
Psalms 18:43လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍၊ တပါးအမျိုးသား တို့၏ အကဲအမှူး အရာ ၌ ခန့်ထား တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည်အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
Psalms 72:11ထိုမျှမက ရှင် ဘုရင်အပေါင်း တို့သည် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် အမှုတော် ကို ထမ်းကြလိမ့်မည်။