The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 24

1ထာဝရဘုရား သည်၊ ဣသရေလ အမျိုးကို ကောင်းကြီး ပေးခြင်းငှါ အလိုရှိ တော်မူကြောင်း ကို ဗာလမ် သိမြင် လျှင် ၊ ထူးဆန်း သော အတတ်ကို ရှာ ခြင်းငှါ အရင် သွားသကဲ့သို့ မ သွား ဘဲ၊ တော သို့ မျက်နှာပြု လေ၏။

2သို့ရာတွင် ၊ မြော်ကြည့် ၍ ဣသရေလ အမျိုးသားတို့သည် အမျိုးအနွယ် အလိုက် အသီးအသီးတပ်ချ လျက် နေကြသည်ကို မြင် သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် တော်မူလျှင်၊

3သူသည် ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ၊ ဗောရ သား ဗာလမ် ၏ စကား ၊

4ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက် အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကိုမြင် ၍၊ ဘုရားသခင် ၏ အမိန့် တော်ကို ကြား သောသူ၏ စကား ဟူမူကား၊

5အိုယာကုပ် အမျိုး၊ သင် တို့၏တဲ များ၊ အိုဣသရေလ အမျိုး၊ သင် တို့၏ ဘုံဗိမာန် များတို့သည် အဘယ်မျှ လောက် တင့်တယ် ကြသည်တကား။

6ကျယ်ဝန်း သော ချိုင့် များ၊ မြစ် နား မှာရှိသော ဥယျာဉ် များ၊ ထာဝရဘုရား စိုက် တော်မူသောအကျော် ပင်များ၊ ရေ နား မှာပေါက်သော အာရဇ် ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊

7ထိုအမျိုး ၏ ရေပုံး တို့မှ ရေ စီး လိမ့်မည်။ ရေ ပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ ၏ ရှင်ဘုရင် သည် အာဂတ် မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။

8ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူ ဖြစ်သော လူမျိုး တို့ကို ကိုက်ဝါး ၍ ၊ အရိုး တို့ကို ချိုးဖဲ့ လိမ့်မည်။ မြှား ဖြင့် ထုတ်ချင်းခပ် အောင် ခွင်းလိမ့်မည်။

9ဝပ် လျက်နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ်တွား လေ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။ သင့် ကို ကောင်းကြီး ပေးသောသူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့် ကို ကျိန်ဆဲ သောသူသည် ကျိန်ဆဲ ခြင်းကိုခံရသည်ဟု မြွက်ဆို ၏။

10ထိုအခါ ဗာလက် မင်းသည်၊ ဗာလမ် ကို အမျက် ထွက် ၍ လက်ခုပ်တီး လျက်၊ ငါ ၏ ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့၏။ သင်သည် သုံး ကြိမ် တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီတကား။

11ထိုကြောင့် သင့် နေရာ ပြည်သို့ ပြေး သွားလော့။ သင့် ကို ချီးမြှောက် မည်ဟု အထက်က ငါအကြံ ရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် သင်၏ဘုန်း ကို မတိုးပွားစေခြင်းငှါဆီးတား လေပြီဟု ဆို ၏။

12ဗာလမ် ကလည်း ၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊

13ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ၍ ကောင်း သောအမှု၊ မကောင်း သောအမှုတစုံတခုကို ကိုယ် အလိုအလျောက်ငါမ ပြု နိုင်။ ထာဝရဘုရား မိန့် တော်မူသမျှ ကို ငါပြော ပါမည်ဟု မင်းကြီးစေလွှတ် သော သံတမန် တို့အား ငါပြော နှင့်ပြီ မ ဟုတ်လော။

14ယခု မူကား ၊ ငါ့ အဆွေအမျိုး တို့ထံသို့ ငါ သွား တော့မည်။ နားထောင်ပါ။ နောင် ကာလ ၌ ဤ လူမျိုး သည် မင်းကြီး ၏လူမျိုး ၌ အဘယ်သို့ ပြု မည်အရာကို မင်းကြီး အား ကြားပြော ပါမည်ဟု ဗာလက်မင်းအား ပြန် ဆိုပြီးမှ၊

15ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ ဗောရ သား ဗာလမ် ၏စကား ၊

16ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက်၊ အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကို မြင် ၍၊ အမြင့်ဆုံး သော ဘုရားပေးတော်မူသော ဉာဏ် ကို ရ ၍ ၊ ဘုရားသခင် ၏အမိန့် တော်ကို ကြား သောသူ၏စကား ဟူမူကား၊

17ထိုအရာကို ငါမြင် ၏။ သို့သော်လည်း ယခု မ ဖြစ်ရသေး။ ထိုအရာကို ငါရှု ၏။ သို့သော်လည်း ဖြစ် ရသောအချိန် မ နီး သေး။ ကြယ် တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံ သည် ဣသရေလ အမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘ ပြည်စွန်း တိုင်အောင်ထိခိုက် ၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်း တို့ကို ဖျက်ဆီး လိမ့်မည်။

18ဧဒုံ ပြည်ကိုလည်း သိမ်းယူ လိမ့်မည်။ စိရ တောင် သည်လည်း ရန်သူ လက် သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့် စွာ ပြု လိမ့်မည်။

19အစိုးရ သောသူတပါးသည်၊ ယာကုပ် အမျိုးထဲက ထွက်၍၊ ကျန်ကြွင်း သောမြို့သူ မြို့သားတို့ကို ဖျက်ဆီး လိမ့်မည် ဟု မြွက်ဆို၏။

20တဖန် အာမလက် ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ အာမလက် အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ် ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်း သို့ ရောက်လိမ့်မည်ဟု မြွက်ဆို ၏။

21တဖန် ကေနိ အမျိုးသားတို့ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ သင် တို့နေရာ သည် အားကြီး ၏။ ကျောက် ပေါ်မှာ အသိုက် ကို လုပ် ကြပြီ။

22သို့သော်လည်း အာရှုရိ မင်းသည် သိမ်းယူ ၍ မ သွားမှီတိုင်အောင်၊ ကေနိ အမျိုးသည် အမျက် ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။

23တဖန် ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ ၊ အဘယ်သူ သည် အသက် ချမ်းသာရလိမ့်မည်နည်း။

24သင်္ဘော တို့သည်လည်း ခိတ္တိမ် ပြည် မှ လာ၍ အာရှုရိ ပြည်ကို၎င်း ၊ ဟေဗာ ပြည်ကို၎င်းနှောင့်ရှက် ကြ လိမ့်မည်။ သူ တို့သည်လည်း ရှင်းရှင်းပျက်စီး ကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊

25ဗာလမ် သည် ထ ၍ မိမိ နေရာ အရပ်သို့ ပြန် သွား၏။ ဗာလက် မင်းသည်လည်း သွား လေ၏။

← တောလည်ရာကျမ်း 23Read In The App, Free →တောလည်ရာကျမ်း 25 →

Study တောလည်ရာကျမ်း 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536