တောလည်ရာကျမ်း 27:14
အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 20:1သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
Numbers 20:8လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
Numbers 20:24သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
Deuteronomy 32:51အကြောင်း မူကား၊ သင်တို့သည် ဇိန တော ၊ ကာဒေရှ ရွာ၊ မေရိဘ စမ်းရေ အနား၌ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ငါ့ ကို မ ရိုမသေပြု၍ ပြစ်မှား ကြပြီ။