တောလည်ရာကျမ်း 28:19
ထာဝရဘုရား အား မီး ဖြင့်ပြုသောယဇ်တည်းဟူသောအသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
18ပဌမ နေ့ ၌ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
20နွား တကောင်လျှင် ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
Cross References
Leviticus 1:3နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
Numbers 28:31ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ ၊ အပြစ် မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော် ရမည်။
Deuteronomy 15:21ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။
2 Chronicles 35:12မောရှေ ကျမ်းစာ ၌ ရေး ထားသည်အတိုင်း ၊ ထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါ ၊ မီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။
Malachi 1:13တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်း စွတကားဟုဆို လျက် ၊ ကဲ့ရဲ့ သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ လု ယူသောအကောင်၊ ခြေ ဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင် ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင် ခဲ့ကြပြီတကား။ သင် တို့လက် မှ ငါခံရ မည် လောဟု ထာဝရဘုရား မေး တော်မူ၏။