တောလည်ရာကျမ်း 28:3
တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
4နံနက်ယံ ၌ သိုးသငယ် တ ကောင်၊ ညဦးယံ ၌ တ ကောင်ကို ပူဇော် ရမည်။
Cross References
Leviticus 6:9သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော မီး ရှို့ရာ ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ ယဇ်ကောင်ကိုယဇ် ပလ္လင်ထင်းမီးပေါ် မှာ တညဉ့်လုံး နံနက် တိုင်အောင် ရှိစေ၍၊ ယဇ် ပလ္လင်မီး သည် အစဉ်လောင် ရမည်။
Daniel 8:11ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
Daniel 11:31ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။
Amos 4:4ဗေသလ မြို့သို့သွား ၍ ပြစ်မှား ကြလော့။ ဂိလဂါလ မြို့သို့လည်း သွား၍ များစွာ သောပြစ်မှား ခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ် ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့ တဘို့ကို၎င်းဆောင် ခဲ့ကြလော့။
1 Peter 1:19အဘယ်အပြစ် မျှမရှိ၊ အညစ်အကြေး နှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ် နှင့်ရွေးတော်မူသည်ကို သိမှတ် ကြလော့။