တောလည်ရာကျမ်း 28:2
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ငါ ၏ပူဇော် သက္ကာကို၎င်း၊ ငါ့ အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှာမီး ဖြင့်ပြုသောငါ ၏ အစာ အာဟာရကို၎င်း၊ အချိန်တန် မှ ငါ့ အား ပူဇော် ခြင်းငှာ သတိပြု ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 23:15ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
Leviticus 1:9ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
Leviticus 1:17အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
Leviticus 21:6သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
Numbers 9:2ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
Numbers 9:13ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။