တောလည်ရာကျမ်း 30:2
လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
3မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊
Cross References
Genesis 28:20ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
Leviticus 5:4တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
Numbers 21:2ဣသရေလ အမျိုးကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို အကျွန်ုပ် တို့လက် သို့ အပ် တော်မူလျှင် ၊ သူ တို့ မြို့ များကို ရှင်းရှင်းဖျက်ဆီး ပါမည်ဟု ထာဝရဘုရား အား သစ္စာ ဂတိပြုလေ၏။
Numbers 30:10လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
Judges 11:11ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
Judges 11:35ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊