The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 30

1တဖန် ထာဝရဘုရား မိန့် တော်မူသော စကား ကို မောရှေ သည်၊ ဣသရေလ အမျိုးသား တို့တွင် အမျိုးအနွယ် တို့၌ မင်း ဖြစ်သောသူတို့အား ဆင့်ဆို သည်ကား၊

2လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။

3မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊

4ထိုသစ္စာ စကား၊ ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို အဘ သည် ကြား လျက် တိတ်ဆိတ် စွာ နေလျှင် ထိုသစ္စာ စကားရှိသမျှ တို့နှင့် ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားဟူသမျှ တို့သည် တည် ရကြမည်။

5သို့မဟုတ် အဘ သည် ကြား သောနေ့ ၌ မြစ်တား လျှင်၊ ထိုသစ္စာ စကားမည်မျှ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား မည်မျှမ တည် ရ။ အဘ မြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ် တော်မူမည်။

6မိန်းမသည် လင် ရှိ လျက်၊ သစ္စာဂတိ ပြု၍ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းငှာနှုတ် မြွက် သောအခါ၊

7လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။

8သို့မဟုတ် လင် သည် ကြား သောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။

9လင် သေသောမိန်းမ၊ လင်နှင့်ကွာ သော မိန်းမသည် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော သစ္စာ ဂတိ အလုံးစုံ တို့သည် တည် ရကြမည်။

10လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊

11လင် သည် ကြား သော်လည်း မ မြစ်တား တိတ်ဆိတ် စွာနေလျှင် ၊ ထိုသစ္စာ ဂတိရှိသမျှ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းရှိသမျှ တို့သည် တည် ရကြမည်။

12သို့မဟုတ် လင် သည် ကြား သောနေ့ ၌ ရှင်းရှင်းပယ် ဘူးလျှင် ၊ သစ္စာ ဂတိနှင့်၎င်း ၊ စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းနှင့်၎င်း ဆိုင်သော စကား မည်မျှမ တည် ရ။ လင် သည် ပယ် သောကြောင့် ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။

13ခပ်သိမ်း သောသစ္စာ ဂတိ၊ ခြိုးခြံ စွာကျင့် ခြင်းနှင့် ဆိုင်သမျှ သောအချည်အနှောင် ကျိန်ဆို ခြင်းတို့ကို၊ လင် သည် တည် စေပိုင်သောအခွင့်၊ ပယ် ပိုင်သော အခွင့်ရှိ၏။

14လင် သည် တနေ့ ထက်တနေ့တိတ်ဆိတ် စွာနေ လျှင် ၊ မယား ပြုသောသစ္စာ ဂတိရှိသမျှ တို့နှင့် မယား ၌ ချည်နှောင် ခြင်း ရှိသမျှ တို့ကို တည် စေ၏။ ကြား သောနေ့ ၌ တိတ်ဆိတ် စွာ နေသောကြောင့် တည် စေပြီ။

15ထိုစကားကို ကြား သောနေ့နောက်မှ ၊ လင်သည် ပယ် အံ့သောငှါပြုလျှင် ၊ မယား အပြစ် ကို ကိုယ်တိုင်ခံရ မည်။

16ဤရွေ့ကား ၊ မယား နှင့်လင် စပ်ကြား ၌၎င်း၊ အဘ အိမ် မှာ အသက် နုငယ်သောသမီး နှင့် အဘ စပ်ကြား ၌၎င်း၊ မောရှေ အားဖြင့်ထာဝရဘုရား ထား တော်မူသော ပညတ် တရားဖြစ်သတည်း။

← တောလည်ရာကျမ်း 29Read In The App, Free →တောလည်ရာကျမ်း 31 →

Study တောလည်ရာကျမ်း 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536