တောလည်ရာကျမ်း 31:54
တပ်မှူး များ၊ ဗိုလ်များ ပူဇော်သောရွှေ ကို မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်ယူ ၍၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေး ရာတဲ တော်၌ သွင်းထား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 16:40ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
Ezra 7:5အဟိတုတ် ၊ ဇာဒုတ် ၊ ရှာလ္လုံ ၊ ဟိလခိ ၊ အာဇရိ ၊ စရာယ တို့မှ ဆင်းသက်သောသူ၊
Psalms 103:1အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
Psalms 145:7သူတို့သည် အလွန် ကောင်းမြတ် တော်မူခြင်းကို အောက်မေ့ ဘို့ရာမြွက်ဆို ၍ ၊ ဖြောင့်မတ် တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်း ဆိုကြပါလိမ့်မည်။
Luke 22:19ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။