တောလည်ရာကျမ်း 32:22
သင် တို့ရှိသမျှ သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယော်ဒန် မြစ်တဘက်သို့ ကူး သွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရား ရှေ့၊ ဣသရေလ အမျိုးသားရှေ့၌အပြစ် ကင်းလွတ်လျက်၊ ဤ ပြည် သို့ ပြန်လာ ၍ ထာဝရဘုရား အခွင့်နှင့် အမွေ ခံရ ကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
21ထာဝရဘုရားသည် ရန်သူ တို့ကို ရှေ့ တော်မှ နှင်ထုတ် ၍ ထိုပြည် ကို အောင် တော်မ မူမှီတိုင်အောင်၊
Cross References
Deuteronomy 3:12ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
Joshua 1:15ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။
Joshua 10:30ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
Joshua 11:23ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။
Joshua 13:29မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး ၍ ၊ မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊
Joshua 22:4ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။