တောလည်ရာကျမ်း 4:15
ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 19:12လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
Numbers 1:51တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
Numbers 3:31သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။
Numbers 7:9သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။
Numbers 18:3လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
Joshua 4:10ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း ၊ လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ၌ ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ၍ ကူး ကြ၏။