တောလည်ရာကျမ်း 4:5
တပ် ချီ ချိန် ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည် လာ ၍ ၊ အတွင်းကုလားကာ ကို ချ ပြီးလျှင် ၊ သက်သေခံ ချက် သေတ္တာ ကို အုပ် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 26:31တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
Exodus 37:1တဖန် ဗေဇလေလ သည်၊ အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ၊ စောက် တတောင် ထွာ ရှိသောသေတ္တာ ကို အကာရှ သား နှင့်လုပ် ၍ ၊
Numbers 2:16ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
Numbers 4:15ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။
2 Samuel 6:2ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။
Matthew 27:51ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ် လေ၏။ ကျောက် များတို့သည် ကွဲပြား ကြ၏။