တောလည်ရာကျမ်း 8:12
လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
13လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
Cross References
Exodus 29:10ထိုနောက်၊ နွားထီး တကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏ သား တို့သည်၊ မိမိ တို့ လက် ကို နွား ခေါင်း ပေါ် မှာ တင်ရကြမည်။
Leviticus 4:20အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ ၊ ထိုနည်းတူဤနွား ကို ပြု သဖြင့် ၊ ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ တို့အပြစ် လွတ် လိမ့်မည်။
Leviticus 5:7သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊
Leviticus 8:14ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
Leviticus 8:18ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
Leviticus 9:7အာရုန် အား လည်း ၊ သင်သည် ယဇ် ပလ္လင်သို့ သွား ၍ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် သဖြင့် ၊ သင် နှင့် လူ များအတွက် အပြစ် ဖြေခြင်းကို ပြုလော့။ လူ များ ဆောင်ယူခဲ့သော ပူဇော် သက္ကာကိုလည်း ပူဇော် ၍ ၊ သူ တို့အတွက် အပြစ် ဖြေခြင်းကို ပြုလော့ဟူ၍၎င်း ဆိုလေ၏။