တောလည်ရာကျမ်း 8:7
စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
6လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
Cross References
Exodus 19:10ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
Leviticus 14:7နူနာစင်ကြယ် စေရသော လူအပေါ် မှာ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ၍ ၊ ထိုသူ သည် စင်ကြယ် သည်ဟု စီရင်ရမည်။ ထိုနောက် အသက် ရှင်သော ငှက် ကို ဟင်းလင်း သော အရပ် ၌ လွှတ် လိုက်ရမည်။
Leviticus 14:9သတ္တမ နေ့ ၌ မိမိ ဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေး ရှိသမျှ ကို ရိတ် ၍၊ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ ရေချိုး ၍ စင်ကြယ် ရ၏။
Leviticus 15:10သူ့ အောက် ၌ရှိ သော အရာ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင် သောသူသည်၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
Leviticus 16:28သန့်ရှင်း ရာဌာနတော်၌ အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ဆောင် သွင်းသော အသွေး နှင့်ဆိုင်သော အပြစ် ဖြေရာယဇ်နွား ကို၎င်း ၊ အပြစ် ဖြေရာယဇ် ဆိတ် ကို၎င်း ၊ တပ် ပြင် သို့ ယူ သွား၍ အရေ ၊ အသား ၊ ချေးနု ကို မီး ရှို့ရမည်။
Numbers 19:9စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။