ဖိလေမုန်ဩဝါဒစာ 1:22
ထိုမှတစ်ပါး၊ ငါ တည်းခို စရာအရပ်ကိုလည်း ပြင် လော့။ အကြောင်းမူကား ၊ သင် တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင် တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေး တော်မူမည်ဟု မြော်လင့် ခြင်းရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
23ယေရှု ခရစ် ကြောင့် ငါ နှင့်အတူ အကျဉ်းခံရသော ဧပဖြ မှစ၍
Cross References
Romans 15:24စပါနိ ပြည်သို့ ငါသွား သောအခါ၊ လမ်းခရီး၌ သင် တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန် အရာအလို ပြည့်စုံ ပြီးမှ၊ ထို ပြည်သို့သင်တို့ ပို့ဆောင် ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏။
2 Corinthians 1:11သင် တို့သည်ကူညီ ၍ ငါ တို့အဘို့ ဆုတောင်း လျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့် ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင်အများ သော သူတို့သည် ကူညီသောအားဖြင့် ငါ တို့၌ ရောက်သော ကျေးဇူး ကို အများ သောသူတို့သည်ထောက် ၍ ငါ တို့အတွက် ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။
Philippians 1:25ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊
Hebrews 13:19ငါသည် သင် တို့ရှိရာသို့ အလျင်အမြန် ပြန် ရသောအခွင့်ရှိစေခြင်းငှာ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍ နှိုးဆော် တောင်းပန်၏
James 5:16အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။
3 John 1:14မ ကြာမမြင့်မှီသင့် ကို ငါတွေ့မြင် လျှင် အချင်းချင်း နှုတ်ဆက်၍ စကားပြော မည်ဟု မြော်လင့် လျက် နေ၏။ သင် ၌ငြိမ်သက် ခြင်းရှိပါစေသော။ အဆွေ တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။ သင်၌ရှိသောအဆွေ တို့၏ နာမည် ကို ထုတ် ၍နှုတ်ဆက် လော့။