ဖိလိပ္ပိဩဝါဒစာ 1:7
ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Acts 16:23ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။
Acts 21:33ထိုအခါ စစ်သူကြီး သည်အနီး သို့ရောက်၍ ပေါလု ကိုကိုင်ယူ ပြီးလျှင် ၊ သံကြိုး နှစ် စင်းနှင့် ချည် ချေ ဟုစီရင် ၍၊ ဤသူသည်အဘယ်သူ နည်း။ အဘယ် အမှုကို ပြု မိသနည်းဟုမေးစစ် လေ၏။
1 Corinthians 13:7ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။
2 Corinthians 7:3သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။
Ephesians 3:1ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။
Ephesians 6:20သံတမန် အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲ သောအရာကိုဖော်ပြ ခြင်းငှာငါ သည်နှုတ် ကို ရဲရင့် စွာ ဖွင့်လှစ် ခြင်း အခွင့်ရှိ မည်အကြောင်း ကို၎င်း၊ ထိုတရား ကိုဟောပြောအပ် သည်နှင့်အညီ ၊ ရဲရင့် စွာဟောပြော မည်အကြောင်း ကို၎င်း၊ ငါ့ အဘို့ လည်း ဆုတောင်းကြလော့။