ဖိလိပ္ပိဩဝါဒစာ 1:8
ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
For God is my record, how greatly I long after you all in the bowels of Jesus Christ.
In Context
Cross References
Isaiah 63:15ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။
Luke 1:78ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
Romans 9:1ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊
2 Corinthians 7:15သင်တို့သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် သူ တို့ လက်ခံ ၍ နားထောင် ကြသည်ကို သူ သည် အောက်မေ့ သဖြင့် ၊ သင် တို့ကို ချစ် သနားခြင်းမေတ္တာကရုဏာစိတ်နှင့် အလွန် ပြည့်စုံ၏။
Galatians 1:20ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။
Philippians 2:1ထိုကြောင့် ခရစ်တော် ၌ သက်သာ ခြင်း၊ မေတ္တာ နှင့်စပ်ဆိုင်သော ချမ်းသာ ခြင်း၊ ဝိညာဉ် တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက် ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် ၊