ဖိလိပ္ပိဩဝါဒစာ 2:27
သူသည် သေ လု အောင် နာ သည်မှန် ၏။ ထိုအခါ ဘုရားသခင် သည် သူ့ ကို သနား တော်မူ၏။ သူ့ ကိုသာ သနားတော်မူသည်မ ဟုတ်။ ငါ့ ၌ ဝမ်းနည်း ခြင်းအဆင့်ဆင့် အထပ်ထပ်မ ရှိ စေခြင်းငှာ ၊ ငါ့ကိုလည်း သနားတော်မူ၏။။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 5:19သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။
Psalms 30:10မြေမှုန့် သည် ကိုယ်တော် ကို ချီးမွမ်း ပါမည် လော။ သစ္စာ တော်ကို ဘော် ပြပါမည်လော။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ် မသနားတော်မူပါ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ကိုစောင့်မ တော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရ ဘုရားကို တောင်း လျှောက်ပါ၏။
Psalms 103:3သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
Ecclesiastes 9:1အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။
Isaiah 38:17အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
Jeremiah 8:18ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။