ဖိလိပ္ပိဩဝါဒစာ 3:11
ထိုသခင် ကြောင့် ခပ်သိမ်း သောအရာတို့ကို အရှုံး ခံရပြီ။ သေ ခြင်းမှ ထမြောက် သောအခွင့်ကို ငါရ နိုင် ကောင်းလျှင် ၊ ကိုယ်တော် သည် အသေခံ တော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ဖိုး ကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်း ခြင်းငှာ၊ ပညတ် တရားအားဖြင့် ရသော ကိုယ် ဖြောင့်မတ် ခြင်းကို မ ကိုးစား ဘဲ၊ ခရစ်တော် ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မတ် ခြင်းတည်းဟူသောယုံကြည် ခြင်းအတွက် ကြောင့်ဘုရားသခင် ပေးတော်မူသောဖြောင့်မတ် ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော် ကို အမြတ်ရ ၍ ထိုသခင် ၌ တည် ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင် ကဲ့သို့ငါထင်မှတ် ၏။။
မြန်မာကျမ်းစာ
In The King James Version
If by any means I might attain unto the resurrection of the dead.
In Context
10ရှုံး စေ သောအရာကဲ့သို့ငါထင်မှတ် ၏။။
Cross References
Psalms 49:7မိမိညီအစ်ကိုကို အဘယ် သူမျှအလျှင်းမ ရွေး နိုင်။ ရွေးရန်အဘိုး ကိုဘုရား သခင်၌ မ ပေး နိုင်။
Luke 20:35နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။
Acts 23:6ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။
Acts 27:12ထိုမြို့ဆိပ် ၌ ဆောင်း ကာလပတ်လုံးမ နေ သင့် သောကြောင့် တဖန်လွှတ် ပြန်၍ ဖိနိတ် မြို့ဆိပ်သို့ မှီ နိုင် လျှင် ၊ ထိုဆိပ်၌ ဆောင်း ကာလကို လွန်စေသော်သာ၍ကောင်းမည်ဟု လူ အများတို့သည် ဆို ကြ၏။ ဖိနိတ် ဆိပ် ကားကရေတေ ကျွန်း၌ ရှိ၏။ အနောက် မြောက်သို့ ၎င်း ၊ အနောက် တောင်သို့၎င်း မျက်နှာ ပြု၏။
1 Corinthians 9:22အားနည်း သော သူတို့၌ အားနည်း သော သူကဲ့သို့ဖြစ် ၏။ အချို့ သော သူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့်ကယ်တင် ခြင်းအလို့ငှာ၊ ခပ်သိမ်း သော သူတို့၌ ခပ်သိမ်း သောအရာဖြစ် ၏။
2 Corinthians 11:3မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။