ဖိလိပ္ပိဩဝါဒစာ 4:7
ထိုသို့ပြုလျှင်အဘယ်သူမျှကြုံ၍မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက် ခြင်းသည် ယေရှု ခရစ် အားဖြင့် သင် တို့၏စိတ် နှလုံးတို့ကို စောင့်မ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Nehemiah 8:10သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
Job 34:29ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
Psalms 85:8ထာဝရ အရှင် ဘုရား သခင်သည် အဘယ်သို့ မိန့် တော်မူမည်ကို ငါနားထောင် မည်။ အကယ် စင်စစ်မိမိ လူ ၊ မိမိ သန့်ရှင်း သူတို့အား ငြိမ်သက် ခြင်းအကြောင်းကို မိန့် တော်မူလိမ့်မည်။ သို့ရာတွင် ၊ နောက်တဖန် မိုက် သောအကျင့် ကို မ ကျင့် ကြပါစေနှင့်။
Proverbs 4:6ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့ ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။
Isaiah 26:3စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။
Isaiah 45:7ငါသည် အလင်း ကိုလုပ် ၏။ အမိုက် ကိုလည်း ဖန်ဆင်း ၏။ ငြိမ်သက် ခြင်းကို ဖြစ် စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏။ ခပ်သိမ်း သော အမူအရာ တို့ကို ငါ ထာဝရဘုရား ပြု တော်မူ၏။