Isaiah 45:7
ငါသည် အလင်း ကိုလုပ် ၏။ အမိုက် ကိုလည်း ဖန်ဆင်း ၏။ ငြိမ်သက် ခြင်းကို ဖြစ် စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏။ ခပ်သိမ်း သော အမူအရာ တို့ကို ငါ ထာဝရဘုရား ပြု တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 1:17မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။
Exodus 14:20ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
Job 2:10ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
Job 34:29ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
Psalms 29:11ထာဝရဘုရား သည် မိမိ လူစု ကို ခိုင်ခံ့ စေတော်မူမည်။ ထာဝရဘုရား သည် မိမိ လူစု အား ငြိမ်သက် ခြင်း ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။
Psalms 75:7ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။