Proverbs 1:19
မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
20ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။
Cross References
Joshua 7:25ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
2 Kings 5:20ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
Psalms 7:16မိမိ မ ကောင်းသော အကြံအစည်သည် မိမိ ခေါင်း ပေါ် မှာ ပြန် ရောက်၍ ၊ မိမိ ကြမ်းတမ်း သောအမှု သည် မိမိ ခေါင်း ထိပ်ပေါ် မှာ သက် ရောက်တတ်၏။
Proverbs 23:3ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
Ecclesiastes 5:13စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
Micah 2:1ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။