The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 1

1ပညာတရား ၊ နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း ၊

2ပညာ သွန်သင်ခြင်း၊ ဖြောင့်မတ် စွာကျင့်ခြင်း၊ တရားသဖြင့်

3စီရင်ခြင်း၊ လျစ်လျူ စွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက် မည်အကြောင်း၊ မိုက် သောသူသည်လိမ္မာ ၍၊ လူပျို သည်ပညာသတိ နှင့်ပြည့်စုံမည်အကြောင်း၊

4ဒါဝိဒ် ၏သား တော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန် စီရင်သော သုတ္တံစကား ဟူမူကား၊

5ပညာရှိ သောသူသည် နားထောင် သဖြင့် ၊ ပညာ အတတ်တိုးပွါး ရလိမ့်မည်။

6ဉာဏ်ကောင်း သောသူသည် သုတ္တံ စကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိ ဟောပြော ၍ နက်နဲ သောစကားတို့ကို၎င်း၊ နားလည် သောနိဿရည်းဆရာအဖြစ်သို့ ရောက် ရလိမ့်မည်။

7ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။

8ငါ့ သား ၊ အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။

9ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း ၌ တင့်တယ် သော ဦးရစ် ၊ သင် ၏လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။

10ငါ့ သား ၊ လူဆိုး တို့သည် သင့် ကိုသွေးဆောင် လျှင် ဝန် မ ခံနှင့်။

11သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။

12သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။

13အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။

14ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊

15ငါ့ သား ၊ သူ တို့နှင့်အတူ မ လိုက် နှင့်။ သူ တို့သွားသောလမ်း ကို ရှောင် လော့။

16အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး ၍ ၊ လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။

17အကယ် စင်စစ်ငှက် မျက်မှောက် ၌ ပိုက်ကွန် ကို ဖြန့် ထားလျှင် အကြံ မမြောက်ရာ။

18လူဆိုး တို့သည် ကိုယ် အသွေး ကို သွန်အံ့သောငှါစောင့်၍၊ ကိုယ် အသက် ကိုသတ် အံ့သောငှါချောင်းမြောင်း တတ်ကြ၏။

19မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။

20ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။

21လူ စည်းဝေးရာ အဦး ၌ ၎င်း၊ မြို့ တံခါးဝ တို့၌ ၎င်း၊ မြို့ ထဲ ၌၎င်း ခေါ် ၍မြွက်ဆို သောစကား ဟူမူကား၊

22အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။

23ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။

24ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ် သောကြောင့် ၎င်း၊ ငါ့ လက် ကိုဆန့် ၍ အဘယ်သူ မျှမမှတ် သောကြောင့် ၎င်း၊

25ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊

26သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ် မည်။ ကြောက်မက် ဖွယ်သော အမှုရောက် သောအခါ ငါပြက်ယယ် ပြုမည်။

27သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ ၊ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ ၊

28ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။

29အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။

30ငါ သတိ ပေးခြင်းကို အလျှင်းနာ မ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။

31ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ၍ ၊ ကိုယ် ကြံသော အကြံ တို့နှင့် ဝ ကြလိမ့်မည်။

32ဉာဏ် တိမ်သောသူတို့သည် လမ်းလွဲ သဖြင့် အသက် ဆုံးတတ်ကြ၏။ မိုက် သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။

33ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ၍ ၊ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။

← Psalms 150Read In The App, Free →Proverbs 2 →

Study Proverbs 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031