Proverbs 1:27
သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ ၊ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
28ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။
Cross References
Psalms 58:9ဆူး ပင်နှင့်မွေးသော မီးပူမှန်းကို အိုး တို့သည် မ သိ မှီ၊ အသက် ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေဘွေ တိုက်သွားပါစေသော။
Proverbs 3:25လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
Proverbs 10:25မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။
Jeremiah 23:19ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။
Luke 21:23ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။
Romans 2:9ရှေးဦးစွာ ၌ ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ဆိုးညစ် သောအမှုကို ပြု သောသူ ရှိသမျှ တို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ ကို ခံရကြလတံ့၊