Proverbs 11:28
မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
He that trusteth in his riches shall fall: but the righteous shall flourish as a branch.
In Context
Cross References
Job 31:24ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊
Psalms 49:6ထိုသူ တို့သည် ကိုယ်ဥစ္စာ ကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ် များ သောကြောင့်ဝါကြွား သော်လည်း၊
Psalms 62:10ညှဉ်းဆဲ ခြင်းကို မ ကိုးစား ကြနှင့်။ အနိုင် အထက်လုယူ၍ မ ဝါကြွား ကြနှင့်။ ဥစ္စာ များ ပြားလျှင် စိတ် စွဲလမ်းခြင်း မ ရှိ ကြနှင့်။
Proverbs 10:15ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။
Jeremiah 17:8ထိုသူသည်ကား၊ ရေ ရှိသော အရပ်၌စိုက် ၍ မြစ် နားမှာ အမြစ် ဖြာ သဖြင့် ၊ ပူ သောအရှိန် ရောက် ကြောင်း ကို မ သိ ၊ အရွက် မညှိုးနွမ်း ၊ မိုဃ်းခေါင် သောကာလ ၌ စိုးရိမ် စရာမ ရှိဘဲ၊ အစဉ် အမြဲအသီး ကို သီး တတ် သော အပင် နှင့်တူ ၏။
Luke 12:20ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။