Proverbs 15:4
ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။
မြန်မာကျမ်းစာ
In The King James Version
A wholesome tongue is a tree of life: but perverseness therein is a breach in the spirit.
In Context
3ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
Cross References
Genesis 3:22ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
Psalms 109:22အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ ၌ နှလုံး နာ လျက်ရှိပါ၏။
Proverbs 10:11ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ၊ ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
Proverbs 16:24သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။
Proverbs 18:14လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
Malachi 4:2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။