Proverbs 18:14
လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
မြန်မာကျမ်းစာ
In The King James Version
The spirit of a man will sustain his infirmity; but a wounded spirit who can bear?
In Context
13အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။
Cross References
Job 1:20ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
Job 6:4အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။
Job 10:15အကျွန်ုပ် သည်ဆိုးညစ် လျှင် အမင်္ဂလာ ရှိပါ၏။ ဖြောင့်မတ် သော်လည်း ကိုယ် မျက်နှာ ကိုမ ပြ ရ။ ကိုယ် ခံရသောဒုက္ခ ဆင်းရဲကို ဆင်ခြင် ၍ မိန်းမော တွေဝေလျက် နေရ ပါ၏။
Psalms 32:3ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။
Psalms 42:10ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
Psalms 55:5ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။