Proverbs 15:8
မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
7ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။
Cross References
1 Kings 3:10ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။
Psalms 17:1အိုထာဝရဘုရား ၊ တရား သော ဘက်မှာနေ၍ အကျွန်ုပ် အော်ဟစ် ခြင်းကို မှတ် တော်မူပါ။ မ လှည့်စား တတ်သော နှုတ် နှင့် ဆုတောင်းသော ပဌနာ စကားကို နားထောင် တော်မူပါ။
Proverbs 15:29ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။
Proverbs 28:9တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
Song of Solomon 2:14တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။
Isaiah 1:11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။