Proverbs 16:1
စိတ် နှလုံးအကြံအစည် တို့သည် လူ နှင့်ဆိုင်ကြ၏။ လျှာ နှင့်ပြန်ပြော ချက်ကိုကား ၊ ထာဝရ ဘုရားပိုင်တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
The preparations of the heart in man, and the answer of the tongue, is from the LORD.
In Context
Cross References
Exodus 4:11ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
2 Samuel 7:5ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။
Ezra 7:27ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။
Job 17:11ငါ့ နေ့ ရက်လွန် ပြီ။ ငါနှလုံး သွင်းမိသော အကြံအစည် တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
Psalms 119:36အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ် ၊ သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။
Proverbs 19:21လူ သည်အထူးထူး အပြားပြားကြံစည် တတ်၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏အကြံ တော်သည် တည် လိမ့်မည်။