The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 16

1စိတ် နှလုံးအကြံအစည် တို့သည် လူ နှင့်ဆိုင်ကြ၏။ လျှာ နှင့်ပြန်ပြော ချက်ကိုကား ၊ ထာဝရ ဘုရားပိုင်တော်မူ ၏။

2လူ သည် မိမိ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် သဘောတို့ကို ချိန် တော်မူ၏။

3ကိုယ် ပြုသောအမှု တို့ကို ထာဝရဘုရား ၌ အပ် လော့။ သို့ပြုလျှင် သင် ၏အကြံအစည် တို့သည် တည် ကြ လိမ့်မည်။

4ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ ၊ မ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။

5မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။

6ကရုဏာ တရားနှင့် သစ္စာ တရားအားဖြင့် အပြစ် ပြေ တတ်၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက် ကို ရှောင် တတ်၏။

7လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ၊ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။

8ဖြောင့်မတ် ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်းငယ် သည်၊ မ တရားသဖြင့် ရသောဥစ္စာ အများ ထက် သာ၍ကောင်း ၏။

9လူ သည် မိမိ သွားရာလမ်း ကို စိတ် ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ ၏ခြေရာ တို့ကို ထာဝရဘုရား စီရင် တော်မူ၏။

10ရှင်ဘုရင် ၏ နှုတ်ခမ်း တို့၌ ဗျာဒိတ် တော်ရှိသည် ဖြစ်၍၊ တရား ဆုံးဖြတ်ရာအမှု၌ နှုတ် တော်သည် မ မှား စေနှင့်။

11မှန် သောအလေး နှင့် မှန်သောချိန်ခွင် သည် ထာဝရ ဘုရား၏ဥစ္စာဖြစ်၏။ အလေး အိတ်၌ပါသမျှ သော အလေးတို့သည် စီရင် တော်မူရာ ဖြစ်ကြ၏။

12ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။

13ဖြောင့်မတ် သော နှုတ်ခမ်း တို့သည် ရှင်ဘုရင် နှစ်သက် ရာဖြစ်၏။ မှန်ကန် စွာပြော သောသူကို ရှင်ဘုရင်ချစ် တတ်၏။

14ရှင်ဘုရင် ၏ အမျက် သည် သေ မင်းတမန် ကဲ့သို့ဖြစ်၏။ သို့သော်လည်း ၊ ပညာရှိ သောသူ သည် အမျက် တော်ကို ဖြေတတ်၏။

15ရှင်ဘုရင် မျက်နှာ ပွင့်လန်း သောအားဖြင့် အသက် ချမ်းသာရ၏။ ကျေးဇူး တော်သည် နောက် ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။

16ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။

17ဖြောင့်မတ် သော သူလိုက်သောလမ်း မူကား၊ ဒုစရိုက် ကို ရှောင် ခြင်းတည်း။ ထိုလမ်း မှ မလွှဲဘဲ အမြဲ လိုက် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် တတ်၏။

18မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။

19စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။

20ပညာ နှင့်အမှုစောင့်သောသူသည် အကျိုး ကို ရ လိမ့်မည်။ ထာဝရဘုရား ကို ခိုလှုံ သောသူသည်လည်း မင်္ဂလာ ရှိ၏။

21လိမ္မာ သောစိတ် သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျော်စော ရာသို့ရောက်တတ်၏။ ချို သောစကားကို ပြောတတ်သော နှုတ် သတ္တိသည်လည်း ပညာ အတတ်ကိုတိုးပွါး စေတတ်၏။

22ဉာဏ် ပညာကိုရ သောသူသည် အသက် စမ်းရေ တွင်း ကိုရ၏။ မိုက် သောသူတို့၏ သွန်သင် ခြင်းမူကား ၊ မိုက် ခြင်းဖြစ်၏။

23ပညာ ရှိသောသူ ၏နှလုံး သည် သူ ၏နှုတ် ကို သွန်သင် ၍ ၊ သူ ၏နှုတ်ခမ်း တို့၌ ပညာ အတတ်ကို ထပ်လောင်း တတ်၏။

24သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။

25လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။

26အလုပ် လုပ်သောသူသည်၊ မိမိ ပစပ် တောင်း သောကြောင့် ၊ မိမိ အဘို့ လုပ် တတ်၏။

27အဓမ္မ လူ သည် မ ကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ ၏နှုတ်ခမ်း ၌ လောင် သောမီး ကဲ့သို့ ရှိ၏။

28သဘော ကောက်သောသူ သည် ရန် မျိုးစေ့ကို ကြဲ တတ်၏။ ကုန်း တိုက်သောသူသည် လည်း ၊ မိတ်ဆွေ တို့ကို ကွဲပြား စေတတ်၏။

29ကြမ်းကြုတ် သောသူ သည် အိမ်နီးချင်း ကို ချော့မော့ ၍ ၊ မ ကောင်း သောလမ်း ထဲသို့ သွေးဆောင် တတ်၏။

30ကောက် သောအကြံကို ကြံစည် ခြင်းငှါ မျက်စိ မှိတ် ၍၊ နှုတ်ခမ်း တို့ကို လှုပ် သဖြင့်၊ ဆိုးယုတ် သောအမှုကို ပြီးစီး တတ်၏။

31ဖြူ သောဆံပင်သည် ဖြောင့်မတ် ခြင်း တရား လမ်း ၌ တည် လျှင်၊ ဘုန်းကြီး သောသရဖူ ဖြစ်၏။

32စိတ်ရှည် သောသူသည် ခွန်အား ကြီးသောသူ ထက် ၎င်း၊ မိမိ စိတ် ကို ချုပ်တည်း သောသူသည် မြို့ ကို တိုက် ယူသောသူထက် ၎င်း သာ၍ကောင်း ၏။

33စာရေးတံ တို့ကို အိတ် ထဲ၌လောင်း လျက်ရှိရာ တွင် ၊ ခွဲဝေ စီရင်ခြင်းအမှုကို ထာဝရဘုရား ပိုင်တော်မူ၏။

← Proverbs 15Read In The App, Free →Proverbs 17 →

Study Proverbs 16

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031