Proverbs 17:21
မိုက် သောသူကို ဖြစ်ဘွား စေသောသူသည် မိမိ ကို မိမိဝမ်းနည်း စေတတ်၏။ မိုက် သောသူ၏အဘ ၌ ဝမ်းမြောက် စရာအကြောင်းမ ရှိ။
မြန်မာကျမ်းစာ
In The King James Version
He that begetteth a fool doeth it to his sorrow: and the father of a fool hath no joy.
In Context
22စိတ် ရွှင်လန်း ခြင်းသည် ကျန်းမာ စေတတ်၏။ စိတ် ပျက် ခြင်းမူကား ၊ အရိုး တို့ကိုသွေ့ခြောက် စေတတ်၏။
Cross References
Genesis 26:34ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။
1 Samuel 8:3သို့ရာတွင် အဘလမ်း သို့ မ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။
Proverbs 10:1ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။
Proverbs 17:25မိုက် သောသူသည် အဘ ဝမ်းနည်း စရာ အကြောင်း ၊ မွေး သော အမိစိတ်ညစ် စရာအကြောင်း ဖြစ်၏။
Proverbs 23:15ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
Philemon 1:19ဆပ်ပေး မည်ဟု ငါ ပေါလု သည် ကိုယ် လက် နှင့် ရေး ထား၏။ သို့ရာတွင်သင် ၏ကိုယ် တည်းဟူသောကြွေး ကိုပင် ငါ့ အားဆပ်ပေးရသောအကြောင်း ရှိသည်ဟု ငါမ ဆို ။